မိုးညှင်းမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများ၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆက်လက်ဆောင်ရွက်

မိုးညှင်း ဇန်နဝါရီ ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် (၇)နာရီက ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ကချင်နှစ်ခြင်းခရစ်ယာန် ဗိမာန်တော် ဘုရားကျောင်းနှင့် စိန်ပတ်ထရိတ် ကက်သလစ် ဘုရားရှိခိုးကျောင်းတို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများပူးပေါင်းကာ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဘုရားကျောင်းအတွင်းရှိ အမှိုက်တရိုက်များ လှည်းကျင်းပေးခြင်း၊ မြက်ပင်များနှင့် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း