လွယ်ဂျယ် ဇန်နဝါရီ ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိဌာနဆိုင်ရာ များစုပေါင်း၍ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၈နာရီတွင် သကျမာရဇိန်ကျောင်းတိုက် ကျိုက်ထီးဆောင်းစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ဦးဆောင်၍ မြို့ပေါ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများက သကျမာရဇိန်ကျောင်းတိုက် ကျိုက်ထီးဆောင်း စေတီတော် ရေသပ္ပယ်ခြင်း၊ ပရဝုဏ်အတွင်း မြက်ရိတ်ခြင်း၊ပေါင်းခုတ်ခြင်း၊ ခြုံနွယ်များရှင်းလင်း ခြင်းနှင့် ဘုရားဆင်းတုတော်များအား ရောင်တော်ဖွင့်ခြင်းတို့ကို စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)