မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မိုးညှင်း ဇန်နဝါရီ ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၆)ရက် မွန်းလွဲ (၃)နာရီက ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ဗိုလ်လုပွဲတို့ တက်ရောက်ခဲ့ကြသော နှစ်ဖက်အသင်း အားကစားသမားများအား ရင်းရင်းနှီးနှီး နွေးထွေးစွာတွေ့ဆုံလက်ဆွဲ နှုတ်ဆက်အားပေးကာ ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ဘာသာရပ်အသီးသီးမှ အမျိုးသားအမျိုးသမီး အသင်းများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ယောက်ခြင်းစီ ထူးချွန်ဆုများ၊ တတိယကြေးဆု၊ ဒုတိယငွေဆု၊ ပထမရွှေတံဆိပ်ဆုနှင့် တက္ကသိုလ်တံခွန်စိုက်ဒိုင်းဆုများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီ (၂၇)ရက် နံနက် (၈)နာရီက ဘာသာရပ်အသီးသီးမှ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အားကစားပြိုင်ပွဲကို တက္ကသိုလ်အားကစားကွင်း၌ ဆက်လက်ကျင်းပရာ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ အားပေးခဲ့ကြပြီး အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝိဇ္ဇာညွှန့်ပေါင်းမှ (၁)သင်း၊ သိပ္ပံညွှန့်ပေါင်းမှ(၁)သင်းနှင့် ဘာသာရပ်အသီးသီးမှ (၃)သင်း စုစုပေါင်းအသင်း (၅)သင်းဖြင့် ပတ်လည်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း၊ အဆိုပါဘောလုံးပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့် အားကစားသမားများကို မြစ်ကြီးနားတက္ကသိုလ်ဇုန်တွင် ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း