လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လွယ်ဂျယ် ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများစုပေါင်း၍ သကျမာရဇိန် (တောင်ပေါ်ကျောင်း)ကျိုက်ထီးဆောင်းစေတီတော်၌ ယမန်နေ့နံနက် ၈ နာရီခန့်က သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။

ရှေးဦးစွာ လွယ်ဂျယ်မြို့ ဗုဒ္ဓသာသနရက္ခိတဘုန်းတော်ကြီးကျောင်းတိုက်၌ သံဃာတော် (၅)ပါးက အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းရှစ်ပါး၊ ဓဇဂ္ဂသုတ်တို့ကို ရွတ်ဖတ်ကြပြီး ဝတ်ရွတ်အဖွဲ့မှ အပြင်အောင်ခြင်းရှစ်ပါး   မြန်မာပြန်နှင့်ဓဇဂ္ဂသုတ်တို့ကို    ရွတ်ဖတ်ပူဇော်ကြပြီး  ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။    

တချိန်တည်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ဦးဆောင်၍ မြို့ပေါ်ဌာနဆိုင်ရာများက သကျမာရဇိန် ကျိုက်ထီးဆောင်းစေတီတော်၌ ရေသပ္ပယ်ခြင်း၊ ပရဝုဏ်အတွင်း မျက်ရိတ်ခြင်း၊ ပေါင်းခုတ်ခြင်း၊ ခြုံနွယ်များရှင်းလင်းခြင်းနှင့် ဘုရားဆင်းတုတော်များအား ရောင်တော်ဖွင့်ခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လွယ်ဂျယ်(ပြန်/ဆက်)