တနိုင်းမြို့နယ် လမုန်ကျေးရွာ အ.ထ.က-လမုန်တွင် လူငယ်စကားဝိုင်း ကျင်းပ

တနိုင်း ဇန်နဝါရီ ၂၇

ကချင်ပြည်နယ် တနိုင်းမြို့တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်နံနက် ၁၀ နာရီခွဲက လမုန်-အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ လမုန်-အ​ခြေခံပညာအထက်တန်း ကျောင်းတာဝန်ခံ​ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းအေးရွှေမှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ဦးစီးအရာရှိ ဒေါ်ဝါဦးက ဦးဆောင်​ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က-လမုန်ကျောင်းမှ Grade -6၊ Grade-8၊ Grade-10၊ Grade-11၊ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ လူငယ်နှင့်ခေါင်းဆောင်မှုကဏ္ဍ၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး ခေါင်းစဉ်များဖြင့်​ဆွေးနွေးကြသည်။

ဆက်လက်၍ အ.ထ.က-လမုန်ကျောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအေးရွှေက ကျေးဇူးတင်စကား  ပြန်လည်ပြောကြားသည်။

ဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးနှင့်ဝန်ထမ်းများ၊ အ.ထ.က-လမုန် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအေးရွှေနှင့် ဆရာ/ဆရာမများ၊ လမုန်ကျောင်း ကော်မတီဥက္ကဋ္ဌနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၂၀၀)ကျော် တက်ရောက်ကြကြောင်း သိရသည်။

ပန်းအိ(ပြန်/ဆက်)