ပုဏ္ဏားကျွန်း (မြို့မ) ဈေးကြီး၌ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်

ပုဏ္ဏားကျွန်း ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ပုဏ္ဏားကျွန်း(မြို့မ)ဈေးကြီး၌ ဆောင်ရွက်ခဲ့ ကြသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန်းထွန်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန် အသိပညာပေးအကြောင်းအရာများနှင့် မီးသတ်ဆေးဗူးသုံးစွဲနည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သန္ဓေမီးသတ်တပ်ဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက မီးငြိမ်းသတ်နည်းများ၊ မော်တော်ယာဉ်ဖြင့် ရေပက်ဖြန်း မီးငြိမ်းသတ်နည်းတို့ကို လက်တွေ့ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ကြည့်ရှု့ခဲ့ကြပြီး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)