ဝိုင်းမော်မြို့နယ် အောင်ချမ်းသာကျောင်းတိုက်၌ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါးနှင့် ဓဇဂ္ဂသုတ်ပါဠိ တော်ရွတ်ဖတ်ပူ‌ဇော်ပွဲ ကျင်းပ

ဝိုင်းမော် ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အောင်ချမ်းသာကျောင်းတိုက်၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းနှင့် ဓဇဂ္ဂသုတ်ပါဠိတော်တို့ ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် (၈)နာရီတွင်  ကျင်းပခဲ့သည်။

ပူဇော်ပွဲအခမ်းအနား၌ ပင့်ဖိတ်ထားသော အောင်ချမ်းသာကျောင်းတိုက်မှ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒတဦဝေပုညနှင့် သံဃာတော်(၅)ပါးမှ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းနှင့် ဓဇဂ္ဂသုတ်တို့ကို ပါဠိဖြင့်ရွတ်ဖတ်ပူဇော်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာ ဝတ်ရွတ်အဖွဲ့များမှ အပြင်အောင်ခြင်း(၈)ပါးကို မြန်မာပြန်ဖြင့်၊ ဓဇဂ္ဂသုတ်တို့ကို ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲတို့မှ ပင့်ဖိတ်ထားသောဆရာတော် သံဃာ‌တော်များအား နဝကမ္မနှင့်ဝတ္တုငွေများ ကပ်လှူပူဇော်ခဲ့ကြသည်။

ဖြူစင်