ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မဟာသင်္ကြန်ကာလ ဒုလ္လဘရဟန်းခံဝန်ထမ်းများအား မိသားစုဝင်များနှင့်အတူ လှူဖွယ်ပစ္စည်းများ သိမ်ဆင်းလောင်းလှူပူဇော်
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မဟာသင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းခံအလှူမင်္ဂလာပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းဒုလ္လဘရဟန်းခံ အလှူမင်္ဂလာကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။