ကချင်ပြည်နယ်

တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့သော နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ပြိုင်ပွဲဝင်အားကစားသမားများအား ကြိုဆိုဂုဏ်ပြု

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊  နည်းပညာတက္ကသိုလ်များနှင့်ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲတွင်တံခွန်စိုက်ဆုရရှိခဲ့သော နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ပြိုင်ပွဲဝင် အားကစားသမားများအား ကြိုဆိုဂုဏ်ပြုအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်လေဆိပ်ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မဟာသင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့များ ဝတ်စုံပြည့်လေ့ကျင့်ကပြမှုကို ကြည့်ရှုအားပေး၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြစ်ကြီးနားမြို့၌ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၁၀ ရက် နံနက် ၉ နာရီခွဲက မြို့တော်ခန်းမ၌ မဟာသင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်မည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့များ၏ ဝတ်စုံပြည့်လေ့ကျင့်ကပြမှုကို ကြည့်ရှုအားပေးခဲ့သည်။

မိုးကောင်းမြို့၌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျွန်းတောရပ်ကွက် ထေရဝါဒသာသနာပြုစန္ဒာရာ မသီလရှင်စာသင်တိုက်ပဓါနနာယက ဒေါ်ယုစန္ဒာအား အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဂုဏဝိသိဋ္ဌပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နေ့လယ်(၂)နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် သင်္ကြန်ပွဲတော်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် စိန်မော့ပညာရေးကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီက မြစ်ကြီးနားမြို့ Northen Star ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ဂေါက်သီးရိုက်အားကစားသမားများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နွေရာသီအားကစားသင်တန်းဆင်းပွဲသို့ တက်ရောက်၊ မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ၂၀၂၃ ခုနှစ် မတ်လအတွင်းမှ ကျောင်းသား လူငယ်လူရွယ်များအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများပူးပေါင်း၍ အားကစားနည်း ၁၉ နည်းဖြင့်  ဖွင့်လှစ်ပေးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နွေရာသီအားကစား သင်တန်းဆင်းပွဲကို ဧပြီ ၇ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မဟာသင်္ကြန်ကာလအတွင်းရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ ပထမအကြိမ် စုပေါင်းဒုလ္လဘရ ဟန်းခံနှင့် သီလရှင်ဝတ်ပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်လျှက်ရှိသောဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းများအား မဟာ သင်္ကြန်ပွဲတော်ကာလနှင့် မြန်မာနှစ်သစ်ကူး အခါသမယ၌ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ စုပေါင်းဒုလ္လဘရဟန်းခံနှင့် သီလ ရှင်ဝတ်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ကျောင်းထိုင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

မချမ်းဘော့၌ စာပေဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များနှင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်စိတ်ခွန်အားမြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။

ပူတာအို၌ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်များအတွက် အထောက်အပံ့ဖြစ်စေမည့် အတတ်ပညာအသိပညာ တိုးပွားစေရန်နှင့်သင်တန်းမှရရှိသည့် အတတ်ပညာ အသိပညာတို့ဖြင့် လူငယ်များဘဝဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ဖိနပ်ချုပ်သင်တန်းနှင့်အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပူတာအို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်သယံဇာတရေးဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၌ မြို့တော်အင်္ဂါရပ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီခွဲက ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်/ ဖျော်ဖြေရေးမဏ္ဍပ် များ တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မဟာသင်္ကြန်ကာလ ဒုလ္လဘရဟန်းခံဝန်ထမ်းများအား မိသားစုဝင်များနှင့်အတူ လှူဖွယ်ပစ္စည်းများ သိမ်ဆင်းလောင်းလှူပူဇော်

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မဟာသင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းခံအလှူမင်္ဂလာပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းဒုလ္လဘရဟန်းခံ အလှူမင်္ဂလာကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်