တနိုင်း ဧပြီ ၆
ကချင်ပြည်နယ်၊ တနိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက လူငယ်နှင့်အမှား အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အငယ်တန်းစာရေး (အင်အားပြ) ဒေါ်ပန်းအိထွေးက လူငယ်၊ လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်စေရန် အမှားနှင့်အမှန် ခွဲခြားသိရှိစေရန် ရည်ရွယ်ကျင်းပကြောင်း ပြောကြားပြီး လုပ်သားရုပ်သံ ဒေါ်ဇင်ရတနာထွေးက “လူတိုင်းကမှားဖူးပါတယ်၊ လူတိုင်းအမှားနဲ့မကင်းပါဘူး၊ လုပ်သင့်တာကို လုပ်ရမယ်၊ အမှားကို ဝန်ခံတက်ရမယ်” ဆိုသည့်အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးကြသည်။
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောပွဲများ၊ Talk Show အစီအစဉ်များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းအိ(တနိုင်း)