မိုးမောက် ဧပြီ ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ် ရေနံနှင့်ရေနံထွက်ဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင်များသည် မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက် ကွင်းအမှတ် (၆၈)၊ ဦးပိုင်အမှတ်(၂)၊ မြေဧရိယာ (၀.၄၀၇) ဧကရှိ မြေကွက်ပေါ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းရှင် ဦးတန်ဘားမှ မြေအောက်သို့ လှောင်ကန်ဒီဇယ် (၆၄၀၀) ဂါလံဆံ့(၁)ကန်၊ ပရီမီယမ် (၆၄၀၀)ဂါလံဆံ့ (၁)ကန်၊ 92 (၆၄၀၀) ဂါလံဆံ့ (၁)ကန်နှင့် 95 (၆၄၀၀) ဂါလံဆံ့ (၁)ကန် စုစုပေါင်း မြေအောက်သိုလှောင်ကန် (၄)လုံးဖြင့် စက်သုံးဆီအရောင်းဆိုင်သစ် တည်ဆောက်၍ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအား သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ထားမှုရှိ/မရှိကို ယမန်နေ့နံနက် (၁၁)နာရီမှ (၁၂)နာရီထိ ကွင်းဆင်းကြည်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မွန်းလွဲ (၁)နာရီမှ (၂)နာရီ အချိန်အထိ အထက်ပါ ပူးပေါင်းအဖွဲ့ဖြင့် ကြေးနန်းရပ်ကွက်၊ ကွင်းအမှတ်(၆၅)၊ ဦးပိုင်အမှတ်(၂၈)၊ ဧရိယာ(၀.၃၆၁) ဧကရှိ မြေနေရာအား ဦးဆန်းဦး+ဒေါ်စိန် အမည်ဖြင့် စက်မှု/စီးပွား မြေငှားဂရန်အသစ် တင်ပြလျှောက်ထားမှုအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။
မြို့နယ်ပြန်/ဆက်