မံစီ ဧပြီ ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးကို ဧပြီ ၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ဥမ္မာဦးက မွေးကင်းစအရွယ်နှင့် အသက် ၁၈ နှစ်အောက်ကလေးသူငယ်များ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်အတွက် မြို့နယ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကာ ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းအကြောင်းအရာများကို မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် မံစီမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)