မချမ်းဘော့မြို့၌ မဲခေါင်စာပေဆုရ အမျိုးသားစာပေဆုရစာရေးဆရာ အကြီးကိုကို(ကသာ) လာရောက် စာပေဟောပြောမည်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မချမ်းဘော့မြို့ရှိ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာပေဟောပြောပွဲကို ဧပြီလ၇ ရက် နံနက်၁၀ နာရီတွင် ဂူးဘားခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။