တနိုင်း ဧပြီ ၈
ကချင်ပြည်နယ်၊ တနိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီ ၇ ရက်နေ့ နံနက် ၁၀ နာရီက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်သားရုပ်သံ ဒေါ်ဇင်ရတနာထွေး က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်ပြီး ယနေ့လူငယ်များ နေတတ်ထိုင် တတ်ဖို့လိုကြောင်းနှင့် ချိုသာယဉ်ကျေးစွာပြောဆိုတတ်စေရန် ဆွေးနွေးပြီးနောက်၊ အငယ်တန်း စာရေး အင်အားပြ ဒေါ်ပန်းအိထွေးက လူရယ်လို့ဖြစ်လာရင် တစ်ဦး တစ်ယောက်တည်း နေလို့မရကြောင်း၊ ပတ်ဝန်းကျင် အသိုက်အဝန်းနဲ့နေထိုင်ရကြောင်း၊ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာမှာလည်း သိမ်မွေချိုသာဖို့လိုကြောင်း၊ မိမိပတ်ဝန်းကျင်တွင် လူမူရေးအရ၊ စီးပွားအရ၊ ပညာရေးအရ လူအများနှင့်ဆက်ဆံရာတွင် ယဉ်ကျေးစွာချိုချိုသာသာ ပြောဆိုတတ် အောင် လေ့ကျင့်ရမှာ ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များ ကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းအိ(တနိုင်း)