တနိုင်းမြို့နယ်၌ အ.ထ.က(၁)နှင့် အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့များတွင် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

တနိုင်း မေ ၁၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ(၉)ရက်နေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်မေလ (၂၃) ရက်မှ (၃၁) နေ့အထိကျောင်းအပ်နှံရေးနေ့အား ဂုဏ်ပြု၍ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို   တနိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ ခရိုင်ပညာရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊‌ ကျောင်းအုပ်ဆရာ၊ ဆရာမများ စိုက်ထူခဲ့ကြပြီး မေလ(၂၇)ရက်နေ့တွင် အမှတ်(၁)အခြေခံ အထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက်  မေလ(၂၃)ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်လက်ခံခြင်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် လူစည်ကားရာနေရာဖြစ်သည့် အခြေခံပညာကျောင်းများရှေ့တွင် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်ဘုတ်များ စိုက်ထူခဲ့ကြောင်းသိရသည်။

ပိုင်ထွန်း(တနိုင်း)