ကချင်ပြည်နယ်

မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆု၊ ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆု၊ ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/သူလေးများက “ပညာပြည့်ဝနှလုံးလှ”တေးသီချင်းအား သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က(ဆဒုံး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊

ဝိုင်းမော်မြို့နယ်တွင် အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် နောင်တာလော ကျေးရွာ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ အမှတ်(၁)နှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ ထောက်ပံ့ငွေနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် အမှတ်(၁)နှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/‌ကျောင်းသူများအတွက် ထောက်ပံ့ငွေများနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေး အပ်ခြင်း အခမ်အနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁) သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှ ဗန်းမော်မြို့၊ သိမ်တော်ကြီးဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း (၁၁၂)ဦးတို့သည် ၂၆-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာတီးဝိုင်းများ စွမ်းရည်ပြပြိုင်ပွဲနှင့် တက္ကသိုလ်ဝင်တန်း‌အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲများသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာကျောင်းများမှ ဘင်ခရာတီးဝိုင်းများ၏ စွမ်းရည်ပြပြိုင်ပွဲအား စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ  မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်နေ ပြည်သူများအတွက် သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် မြစ်ကြီးနားမြို့ အပါအဝင် ခရိုင်မြို့ကြီးများအားလုံးတွင် အခွန်လွတ်ဈေး၊ သက်သာဈေးများ ဖွင့်လှစ်၍ ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ဈေး၌ အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့သည်။

ဆွမ်ပရာဘွမ်မြို့၌ ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများ၏ အမည်/နိုင်ကတ်ထပ်ခြင်းများ၊ မှားယွင်းခြင်းများ၊ သေဆုံး/ ပြောင်းထွက်ခြင်း အထောက်အထားများနှင့် တိုက်ဆိုင် စစ်ဆေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် (မြို့နယ်အဆင့်) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အားကစားကဏ္ဍတွင် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် (မြို့နယ်အဆင့်) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်