မြစ်ကြီးနား စက်တင်ဘာ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်ထက်က လူငယ်ရေးရာ အသိပညာပေးဟောပြောကြားကာ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က လူငယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။
ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး အဆိုပါကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်များ လှူဒါန်းပေးအပ်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)