မြစ်ကြီးနား စက်တင်ဘာ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆု၊ ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/သူလေးများက “ပညာပြည့်ဝနှလုံးလှ”တေးသီချင်းအား သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးအား စတင်ကျင်းပပြုလုပ်ရာ သဘာပတိအဖွဲ့မှ နာယကဆရာကြီး ဦးကျော်အေးက အဖွင့်အမှာစကားပြောကြားကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း အတွင်းရေးမှူး အထက်တန်းပြဆရာ ဦးဘောမ်ချန်းက နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်သွင်းပြီး သဘာပတိထံမှ အတည်ပြုချက်ရယူ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း အမှုဆောင်အဖွဲ့မှ နှုတ်ထွက်ကြောင်း ကြေငြာပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း အမှုဆောင်အဖွဲ့သစ် အမည်စာရင်းအား တင်သွင်း၍ သဘာပတိမှ အတည်ပြုချက်ရယူခဲ့သည်။
ထို့နောက် ပညာရည်ချွန်ဆုနှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား/သူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေဒီဆိုင်းပန်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူလေးများက တေးသရုပ်ဖော် အကပဒေသာများ၊ ပုံပြောခြင်း၊ ကင်းထောက်ကျောင်းသား/သူလေးများက “အစဉ်အသင့်”တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကပြပြီး တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ဘက်စုံပညာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)