ကချင်ပြည်နယ်

မိုးညှင်းမြို့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး အရှေ့ဘက် လမ်းမကြီးပေါ်၌ ဒေသခံပြည်သူ များအား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက် (၇)နာရီက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ၂၅ ရက် မွန်းလွဲ ၁နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့ ချယ်ရီတန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချယ်ရီတန်ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲ ခန့်က အလယ်ရပ်ကွက်ရှိ ရွှေကျောင်းကုန်းခန်းမတွင် ကျင်းပခဲ့သည်။

မိုးညှင်းမြို့နယ် နန့်မွန်းမြို့မှနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာတစ်လစာ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှ နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာ တစ်လစာ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပူတာအိုဒေသရာသီပေါ် ရမေးရှီး(ခေါ်) ကတွတ်သီးသည် အရသာနှင့် ပြည့်စုံ၍ လူ့ခန္ဓာကိုယ်ကို အကျိုးပြုသော သဘာဝသီးနှံ တစ်မျိုးဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် သဘာဝအလျောက်ပေါက်ရောက်သည့် ဆေးဖက်ဝင်အပင်များ ပေါက်လျက်ရှိသည့်အပြင် သဘာဝအလျောက်ပေါက်ရောက်ပြီး အရသာနှင့်ပြည့်စုံ၍ လူ့ခန္ဓာကိုယ်ကို အကျိုးပြုသော ရမေးရှီး(ခေါ်)ကတွတ်သီးသည် ဒေသထွက်ရာသီပေါ် သဘာဝသီးနှံတစ်မျိုးဖြစ် သည်။

ကချင်ပြည်နယ်အတွင်း လုပ်ငန်းစီမံကိန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ(၆)လအတိုးရငွေများအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လုပ်ငန်းများတိုးချဲ့ရင်းနှီးမတည်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ(၆)လအတိုးရငွေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကဏ္ဍအလိုက်လုပ်ငန်းများတိုးချဲ့၍ ရင်းနှီးမတည်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ကျန်းမာရေးဝန်ကြီးဌာန၊ အထူးကုဆေးကုသရေးအဖွဲ့ မြစ်ကြီးနားမြို့၌ ပြည်သူများအား ကွင်းဆင်းဆေးကုသမှုများကို ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများပေးအပ်

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံ၏အခြေခံကျန်းမာရေးစနစ်ကို ခိုင်မာအောင်တည်ဆောက်၍ ပြည်သူအားလုံးသက်ရှည်ကျန်းမာမည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်ရေးဦးတည်ချက်ကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများအပြင် ပြည်သူလူထုအတွင်းကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသခံပြည်သူများအား

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး အလှပန်းခြံငယ်၊ ဈေးဆိုင်ခန်းများဖြင့် အများပြည်သူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရာ ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင် ရာများနှင့်အတူ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဝိုင်းမော်မြို့နယ်၌ ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပခဲ့သည်။

ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါအထက(ပူတာအို)ကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်