ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး(Pfizer Comirnaty)များ ဆက်လျက်ထိုးနှံပေးလျက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer Comirnaty )များ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း(နန့်ပေါင်)၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း(နန့်ပေါင်)ရှိ တေဇခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပသည်။

တနိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဆင်(မ်)ဆာ့ကောင်း ရပ်ကွက်၊ အမှတ်-၂ အ‌ခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ G-11 ကျောင်းသူ/သားလေးများက "ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ကချင်ပြည်နယ်တရားလွှတ်တော်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားသူကြီးများ၊ တိုင်း/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားလွှတ်တော်တရားရေးဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားလွှတ်တော် တရားရေးဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားချက်များအား ကချင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့၌ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား   ဖျက်ဆီးစော်ကားမှုများအား  ကန့်ကွက်ရှုတ်ချပွဲကိုဇန်နဝါရီ ၁၈ နံနက် ၈ နာရီတွင် သတ်မှတ်စုရပ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

မိုးညှင်းတက္ကသိုလ်၌ မူးယစ်ဆေးဝါးကင်းစင်ရေး အသိပညာပေးဟောပြော

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် မူးယစ်ဆေးဝါးကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ၁၆-၁-၂၀၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ က ရတနာခန်းမ၌ ကျင်းပခဲ့သည်။

မိုးကောင်းမြို့ ပင့်သာကျေးရွာ၌ (၂၂)ဘီးဟွန်ဒါဆီတွဲကား မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဆားမှော်နယ်မြေမီးသတ်စခန်းနှင့် (၈)မိုင်ခန့်အကွာရှိ ပင့်သာကျေးရွာအုပ်စု ပင့်သာကျေးရွာ၌ ဇန်နဝါရီ(၁၆)ရက် ညနေ(၃)နာရီခွဲခန့် တွင် (၂၂)ဘီးဟွန်ဒါဆီတွဲကား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းအပ်နှံပွဲ သို့တက်ရောက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဆောင်ရွက်သည့် နှစ်ပတ်လည်မဂ္ဂဇင်းအောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည့်အတွက် နှစ်ပတ်လည်မဂ္ဂဇင်းပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့ ရဝမ်အမျိုးသားဥယျာဉ်၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဝါးများကို မူလအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချလျှင် ဝင်ငွေပိုမိုရရှိစေခြင်းကြောင့် ဒေသထွက်ဝါးများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တတ်လာနိုင်စေရန်၊လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ လက်မှုအနုပညာပစ္စည်းများကို စိတ်ကူးဉာဏ်ရှိသလို ထုတ်လုပ်တတ်စေရန်နှင့် ဆင်းရဲမှုလျော့ချရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ဖွင့်လှစ်သော ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၁၇)ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်