မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း(နန့်ပေါင်)၌ ပညာရေးစုံညီပွဲတော်ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း(နန့်ပေါင်)ရှိ တေဇခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပသည်။

ရှေးဦးစွာ အလယ်တန်းကျောင်းသား/သူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် ပွဲတော်အားဖွင့်လှစ်ပြီး မြစ်ကြီးနားမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကေသီဝင်းက အဖွင့်အမှာစကား ပြောကြားကာ ကျောင်းအကျိုးတော်ဆောင် ဦးမိုးအောင်က ကျောင်း၏လိုအပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား တင်ပြပြောကြားသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ဘက်စုံထူချွန် ကျောင်းသား/သူများ၊ ဆရာ/မများနှင့် အလှူရှင်များအား မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အဆိုပါကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ကပြဖျော်ဖြေခြင်းများ ပျော်ရွင်စွာကျင်းပခဲ့ကြောင်းနှင့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)