မိုးညှင်းမြို့နယ်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမနေ့(မြန်မာစာဘာသာရပ်)ကို ကျောင်းသားကျောင်းသူများဖြေဆို
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ၂၀၂၅ခုနှစ် ဇွန်(၁၆)ရက်တွင် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ Grade-12 ပထမနေ့ (မြန်မာစာဘာသာရပ်)ကို သတ်မှတ်စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။