ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယအကြိမ်) တတိယနေ့ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ပြည်နယ်ပြေးခုန်ပစ်အသင်း၏ စံချိန်ယူလေ့ကျင့်ဆန်းစစ်မှုပြိုင်ပွဲအား ကြည့်ရှုအားပေးချီးမြှင့်
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန(၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ဇွန် ၁၈ ရက်နေ့တွင် စာမေးပွဲတတိယနေ့အဖြစ် သင်္ချာဘာသာရပ် စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။