ကချင်ပြည်နယ်

မချမ်းဘောမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲစာရင်းများတိုက်ဆိုင်စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်၁၈နှစ်ပြည့်ပြီးမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၀ နါရီက မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီ အသက် (၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီ အသက်(၂၅)နှစ်အောက် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၅)ရက်နေ့ မွန်းလွဲ ၂ နာရီက ငြိမ်းချမ်းသာယာဖူဆယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့၌ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ၂၀၂၅-ခုနှစ် စုပေါင်းခရစ္စမတ်ပွဲတော်သို့တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

‎ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  ဒီဇင်ဘာ(၁၉)ရက် နံနက် (၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Grade-12 ကျောင်း သား၊ ကျောင်းသူများ၊ ‌ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ  

ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူ အများအပြားဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် မဲရုံများဖွင့်လှစ်ရန်လျာထားသည့် နေရာများအား တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ယမန်နေ့နံနက်ပိုင်းမှစတင်ကာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း စားသုံးဆီဖူလုံရေးနှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းပြုပြင်တည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေး

မြန်မာနိုင်ငံမြောက်ဖျား “ပူတာအိုဒေသ စားသုံးဆီဖူလုံဖို့အားလုံးဝိုင်းဝန်းကြိုးပမ်းစို့” ဆောင်ပုဒ်နှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပူတာအိုခရိုင်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ဆောင်းသီးနှံသီးထပ်စိုက်ပျိုးမည့် တောင်သူများထံသို့ နေကြာသီးနှံမျိုးစေ့များ (အခမဲ့) ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရေး တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် တောင်သူများထံသို့ နေကြာသီးနှံ မျိုးစေ့များ(အခမဲ့) ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ (၃) နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် တောင်သူများထံသို့ နေကြာသီးနှံ မျိုးစေ့များ (အခမဲ့) ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရေး တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် တောင်သူများထံသို့ နေကြာသီးနှံ မျိုးစေ့များ(အခမဲ့) ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ (၃) နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကျင်းပသော ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူး၍ ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများမျိုးနွယ်စုများ စုပေါင်းကျင်းပသော ၂၇၆၅ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ တပ်ကုန်း(စံပြ)ရပ်ကွက်ရှိ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဝိုင်းမော်မြို့၌ ကျင်းပသည့် လော်ဝေါ်မျိုးနွယ်စုတို့၏ ၂၂၉၀ ပြည့်နှစ် လော်ဝေါ်နှစ်သစ်ကူးနေ့အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်းနေထိုင်ကြသော ကချင်မျိုးနွယ်စု(၆)မျိုးအနက် လော်ဝေါ်တိုင်းရင်းမျိုးနွယ်စုတို့၏ ၂၂၉၀ ပြည့်နှစ် လော်ဝေါ်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဆုတောင်းပွဲအခမ်းအနားကို လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ဝိုင်းမော်မြို့ အမှတ် (၁)ရပ်ကွက်အတွင်းရှိ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ လော်ဝေါ်မနောကွင်းအတွင်းရှိ ဦးလက်ဝါးဇွန်းခေါင် အောက်မေ့ဖွယ်ခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်သည်။
Subscribe to ကချင်ပြည်နယ်