နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်ပျဉ်းမနားမြို့နယ်၊ နတ်သူရဲကျေးရွာ ကွင်းအမှတ်-၁၇၀၄ သို့သွားရောက်ပြီး မိုးစပါးစိုက်ခင်းအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာစု ပေါင်းကြဲပက်ပွဲနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်၍ တောင်သူများနှင့်တွေ့ဆုံပြီး မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနူန်းဖြင့် ဖြန့်ဝေပေးသည့် ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားသည်။