နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်း MSME ထုတ်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဩဂုတ် ၂၄

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်အတွင်း  MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ  ဦးအောင်မိုးခိုင်၏ အသေးစား လမင်းဆီစက်လုပ်ငန်းအား ကြည့်ရှုစစ်‌ဆေးရာ တာဝန်ရှိသူများက ဆီစက်လည်ပတ်နေမှု၊ ထုတ်လုပ်နေမှုအခြေအနေနှင့် ဈေးကွက်ဖြန့်ချိရေး ထုပ်ပိုးနေမှုအ‌ခြေအနေများအား ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဝင်က ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီလုပ်ငန်းရှင်များပူးပေါင်း ဆောင်ရွက်သွားရန်နှင့် လိုအပ်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆီစက်လည်ပတ်နေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင်ကျေးရွာရှိ ဦး‌အောင်မိုးဝင်း၏ မိုးဆန်းပန်း ဆန်စက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိရပ်ကွက်ရှိ အဆင့်မြင့်တစ်ခါသုံး ဝါးတူလုပ်ငန်းသို့လည်းကောင်း၊ Sky Fruit Food  Industry လုပ်ငန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်းအဖြစ်မှ ကုန်ချောအဖြစ်သို့ထုတ်လုပ်‌ ရောင်းချနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်က  ထုတ်ကုန်ပစ္စည်းများ တိုးချဲ့ ထုတ်လုပ်နိုင်ရေး၊ MSME လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ထုတ်ကုန်များကို ပြည်တွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးနှင့်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)