ဇမ္ဗူသီရိ သြဂုတ် ၂၄
ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာသနာ့ရက္ခိတဓမ္မာရုံ၌ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနှစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးအခမ်းအနားသို့ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဇမ္ဗူသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်လွင်၊ အတွင်းရေးမှူး ဒေါ်မေမဉ္ဇူနှင့် အဖွဲ့ဝင်များဇမ္ဗူသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်ခင်ခင်လှ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း ၇၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်တွေ့စမ်းသပ်သရုပ်ပြရာ၌ မဲဆန္ဒရှင်ပြည်သူများအား MEVM စက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်မေမဉ္ဇူနှင့်အဖွဲ့ဝင်များက ဦးဆောင်၍ မဲဆန္ဒရှင်ပြည်သူများအား (MEVM) စက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နီလာ(ပြန်/ဆက်)