နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ဥတ္တရသီရိ ဩဂုတ် ၂၄

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းကို ယမန်‌နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး၊ တောင်သူတိုင်း သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ရေး၊ တောင်သူများ သီးနှံစိုက်ပျိုးမှု အခက်အခဲများကို ဌာနဆိုင်ရာများ၊ ကုန်သည်ပွဲစားများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ လယ်ယာမြေများ တန်ဖိုးထားလုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးနိုင်ရေး၊ ပြည်ပစားသုံးဆီများ လျော့ချသုံးစွဲအောင် ဒေသအတွင်း မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မိုးသီးနှံအပြီး ဆောင်းသီးနှံများကိုလည်း ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ သဘာဝဘေးဒဏ်ကာကွယ်နိုင်အောင် သစ်ပင်၊ သစ်တော ထိန်းသိမ်းစိုက်ပျိုးနိုင်ရေး၊ နေပြည်တော်အတွင်း Green City ၊ Clean City ၊ Smart City ဖြစ်စေရေး ရပ်ကွက်၊ ကျေးရွာများအလိုက် သန့်ရှင်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် မြို့နယ် MSME အသင်းမှ တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုအား ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း (ဥတ္တရ)