တပ်ကုန်း ဩဂုတ် ၂၄
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းနှင့်ဝန်ထမ်း များ၊ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ရပ်ကွက်ပြည်သူများ တက်ရောက်ခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် ဒေါ်ဇာခြည်ဝင်းတို့က မဲပေးစက်နှင့်မဲပေးပုံ အဆင့်ဆင့်များကို ရှင်းလင်းပြောကြားကာ မဲပေး စက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြ မဲပေးခဲ့ပြီးနောက် တက်ရောက်လာသည့် ပြည်သူများအား မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)