တပ်ကုန်းမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူးဌာန ငလျင်ဘေး အန္တရာယ်ခံစားရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

တပ်ကုန်း ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူးဌာန ငလျင်ဘေးအန္တရာယ်ခံစားရသော အိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်၊  မြို့လည်သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ထိုထောက်ပံ့ငွေပေးအပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဟန်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြက်ခြေနီအသင်းမှ တိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေနှင့် အသင်းဝင်များသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် ဘုရင့်နောင်ရပ်ကွက် အတွင်း လူနေအိမ်ပြိုကျပျက်စီးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ငလျင်ဘေးသင့် အိမ်ထောင် စု ၂၅၇ စုတို့အား  အိမ်ထောင်စုတစ်စုလျှင် လေးသိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်