လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ကြိမ်းကျေးရွာအနီးရှိ မဲဟော်ချောင်းတံတား ထိခိုက်ပျက်စီးမှုများအား ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်၊ သစ်ကြိမ်းကျေးရွာအနီးရှိ မဲဟော်ချောင်းတံတား ထိခိုက်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။