ဥတ္တရသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာသင်တန်း အမှတ်စဉ်(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းပညာရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။