နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာတွင် မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ‌ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုဗ္ဗသီရိ စက်တင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု ပင်လောင်းလမ်းမကြီး တောင်ဘက်ကွင်းအမှတ် (၁၆၂၃-ခ) ကွင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ ကော်မ‌တီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘဲကုန်းအုပ်ချုပ်ရေးမှူး ဦးကျော်ဦး၊ ဘဲကုန်းအေးမြင့်သာယာမှ တောင်သူ ဦးအေးဝင်း၊ စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံပွဲ  အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်မှ ပေးအပ်လာသည့် ဓာတ်မြေဩဇာများကို အမှန်တစ်ကယ် စနစ်တကျ ထိထိရောက်ရောက် အသုံးပြုနိုင်ရေး စသည်များကို အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမင်း‌ဦးနှင့် တာဝန်ရှိသူများက မိုးစပါးစိုက် တောင်သူများထံသို့ ဘဲကုန်းကျေးရွာအုပ်စု ဓာတ်မြေဩဇာ (၂၀)အိတ်၊ အေးမြင့်သာယာကျေးရွာ (၂၀)အိတ်၊ ပုလဲဓာတ်မြေဩဇာ(၅၀) အိတ်၊ Compound ဓာတ်မြေဩဇာ(၁၆)အိတ် စုစုပေါင်း (၁၀၆)အိတ်အား တောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နန်းရွှေရတီ (ပြန်/ဆက်)