တပ်ကုန်း ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်လွန့်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (ခန်းမ)တွင် လက်တွေ့ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းနှင့် ဝန်ထမ်းများ၊ ညောင်လွန်းကျေးရွာအုပ်စု၊ တဲ့မြင့်ကျေးရွာအုပ်စု၊ အင်ပင်ကျေးရွာအုပ်စု၊ ကြိုးကြားအင်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ကျေးရွာအုပ်စုပြည်သူများ တက်ရောက်ခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် ဒေါ်ဇာခြည်ဝင်းတို့က မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားကာ မဲပေးစက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြ မဲပေးခဲ့ပြီးနောက် တက်ရောက်လာသည့် ပြည်သူများအား မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်