တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စုတွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

တပ်ကုန်း စက်တင်ဘာ ၁

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ခရမ်းစပ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါကျေးရွာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းနှင့် ဝန်ထမ်းများ၊ ခရမ်းစပ်ကုန်းအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် ဦးစီးအရာရှိတို့က မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်များ ရှင်းလင်းပြောကြားကာ မဲပေးစက်နှစ်လုံးဖြင့် သရုပ်ပြမဲပေးခဲ့ပြီးနောက် တက်ရောက်လာသည့် ပြည်သူများကို မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်