အင်အားပြင်းမန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော တိရိစ္ဆာန်များ ပြန်လည်ဖြည့်ဆည်း ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးတိရစ္ဆာန်များ ပြန်လည်ဖြည့်ဆည်းပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး၌ ကျင်းပရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။