တပ်ကုန်းမြို့နယ်၌ မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

တပ်ကုန်း နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ ဖွင့်လှစ်သင်ကြားသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် သင်တန်းတွင် မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ​ခြင်းကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များနှင့် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုမီးငြိမ်းသတ်မှုအဆင့်ဆင့်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်ချက်များ ရှင်းလင်းဟောပြောခဲ့ပြီးနောက် တက်ရောက်လာသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များက သိရှိလိုသည်များမေးမြန်းခဲ့ရာ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်က ပြန်လည်ဖြေကြားပေးခဲ့ပြီး အရေးပေါ်သတင်းပို့ရမည့် ဖုန်းနံပါတ်များ၊ မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်