နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်အတွင်း  မူလတန်းကြို‌ကျောင်းများ ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၆

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဇမ္ဗူသီရိမြို့နယ်၊ NEGမူလတန်းကြိုကျောင်း၊ Mother မူလတန်းကြိုကျောင်းနှင့် Everest မူလတန်းကျောင်းများသို့သွားရောက်ပြီး ဒုတိယအကြိမ်သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး သည်။

ထို့နောက် ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တည်ထောင်ခွင့်ပြုမိန့် ရရှိထားသောကျောင်းများအား သက်တမ်းမကုန်မီ သက်တမ်းတိုးများ လျှောက်ထားနိုင်ရေးအတွက် အသိပေးခြင်းများပြုလုပ်သွားရန်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် အချိန်နှင့်တပြေးညီဆောင်ရွက်ကြရန်၊ မူလတန်းကြိုပညာရေးသည် ကလေးငယ်များ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ၎င်းတို့၏ အရည်အသွေးကို မြှင့်တင်‌ဆောင်ရွက်ပေးရန်၊ ကျောင်းသုံးပစ္စည်းများပြည့်စုံစွာ ထောက်ပံ့ပေးရန်နှင့် မိဘများအား ပညာရေးတွင်ပိုမိုပါဝင်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သင်ကြားရေးနှင့် သင်ယူမှုပတ်ဝန်းကျင်ကောင်းမွန်စေခြင်းဖြင့် ကလေးဗဟိုပြုသင်ခန်းစာများနှင့် သင်ထောက်ကူ ပစ္စည်းများ ပြည်စုံစွာထားရှိပေးရန်၊ နည်းပညာနှင့်အညီ ခေတ်မီပညာရေး နည်းစနစ်များကို ကလေးများအရွယ်နှင့် ကိုက်ညီစွာမိတ်ဆက်သင်ကြားပေးရေးနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြလိုကြောင်းပြောကြားခဲ့ပြီး တာဝန် ရှိသူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)