ဥတ္တရသီရိ နိုဝင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာ၊ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ညိုတိုက်နယ် ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများက တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးရွယ်အိုများအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါ ရှာဖွေကုသပေးခြင်းများနှင့် မကူးစက်တတ်သော ရောဂါများအတွက် လိုအပ်သော ဆေးဝါးများဖြင့် အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)