တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် (ဆင့်ပွား) သင်တန်းဖွင့်

တပ်ကုန်း နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဖွင့်လှစ်သည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်(ဆင့်ပွား)သင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အောင်ဆန်းခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူး စုစုပေါင်း ၂၅၆ ဦး တက်ရောက်ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းနှင့်သင်တန်းနည်းပြများက မဲရုံများဆောက်လုပ်ခြင်းနှင့်မဲရုံအဖွဲ့ဝင်များ ဖွဲ့စည်းခြင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်းစစ်ဆေးသူများ၊ ထိန်းချုပ်စက်ကိုင်တွယ်သူများ၊ မဲရုံလုံခြုံရေးဆောင်ရွက်သူများ၊ မဲပေးပြီးကြောင်း မင်တို့မည့် မဲရုံအဖွဲ့ဝင်များ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အထွေထွေများကို နိုဝင်ဘာ ၂၇ ရက်မှ ၂၈ရက်နေ့ထိ ရှင်းလင်းသင်ကြားပေးခဲ့ ကြောင်း သိရသည်။

တင်စိုးလွင်