နေပြည်တော် အချုပ်ထောင်၌ အကျဉ်းသားများအား လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေး

ဇမ္ဗူသီရိ နိုဝင်ဘာ ၂၈

နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ နေပြည်တော်အချုပ်ထောင်၊ ဧည့်တွေ့နားနေဆောင်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၁၀/၂၀၂၅) ဖြင့် ထုတ်ပြန်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ပြစ်ဒဏ်ကျခံလျက်ရှိသူများအား ရာဇဝတ်ကျင့်ထုံးဥပ‌ဒပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်များအ‌ပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်အောင်၊ နေပြည်တော်အချုပ်ထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းဝေ ၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူး လှချို၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးမျိုးကျော်ဇင်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ပိုင်စိုး၊ အမှတ်(၇)နယ်မြေရဲစခန်းမှ ဒုရဲအုပ် ထက်ဇော်ဌေးနှင့် နေပြည်တော်အချုပ်ထောင်မှ တာဝန်ရှိသူများ၊ လွတ်ငြိမ်းသက်သာခွင့်ရ နေပြည်တော်အချုပ်ထောင်မှ အကျဥ်းသား ၃ ဦး၊ စုစု‌ပေါင်း ၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုနောက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်အောင်နှင့် နေပြည်တော်အချုပ်ထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းဝေတို့က ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်ရ အကျဥ်းသား (၃) ဦးတို့အား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ၎င်းတို့၏မိသားစုများရှိရာ နေရပ်အသီးသီးသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။ ‌

မြို့နယ်(ပြန်/ဆက်)