နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူ လက်ဝယ်အရောက် စာအုပ် စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသနေမှုကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာဆွေဇင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်၊ ခုတင်၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး အခမဲ့မျက်စိခွဲစိတ်ကုသမှုခံယူမည့် လူနာများအား ကြည့်ရှုအားပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲတက်ရောက်၊ ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပ‌ရေးနှင့် စိမ်းလန်းစိုပြည်စေရေး ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ‌ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်‌ကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁း၃) ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား (Biometric) အချက်အလက်ကောက်ယူခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းမင်းကြီးကြပ်ပြီး လက်ထောက်မြို့နယ်ဦးစီးမှူးဦးဆောင်၍ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား (Biometric)အချက်အလက်ကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့၌ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်းသည့် အခွန်ပညာပေးရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးမှူးရုံးတွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း အရိပ်ရသစ်ပင်များ စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲကျေးရွာအနီးတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တာ်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားလိဂ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပျဉ်းမနားလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပျဉ်မနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှမြင့်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ဂုဏဝိသိဋ္ဌပူဇာနှင့် (၄၅) ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်   

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ဂုဏဝိသိဋ္ဌပူဇာနှင့် (၄၅)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် မြို့နယ်သူ၊ မြို့နယ်သားများ ထပ်ဆင့်ပူဇော်ပွဲကျင်းပခဲ့ရာ မြို့နယ်ဩဝါဒါစရိယဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်၊ အထူးကြီးကြပ်ရေးအဖွဲ့ဆရာတော်၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်၊ ပင့်သံဃာဆရာတော်များနှင့် ၂၀၂၅ခုနှစ် လွတ်လပ်ရေးနေ့တွင် အစိုးရမှ ဘွဲ့တံဆိပ်ဆက်ကပ်ခြင်းခံရသော ဆရာတော်ငါးပါး၊ သီလရှင်တစ်ပါး၊ ဓမ္မာစရိယစာမေးပွဲတွင် စာအောင်သံဃာတော်လေးပါး၊ ပါဠိ ပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော် ၁၅ပါး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ခြောက်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့်အဖွဲ့ဝင်များ၊ ဒကာ၊ ဒကာမများ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ မြို့နယ်လုံးဆိုင်ရာ (၅၅)နှစ်မြောက် မဟာဘုံကထိန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာကျင်းပမည်  

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၊ မြို့နယ်လုံးဆိုင်ရာ (၅၅)နှစ်မြောက်မဟာဘုံကထိန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၄နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ