နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးသုတေသနပြုစုခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆေးသုတေသနဦးစီးဌာနမှ အသက် ၁၃ နှစ်မှ ၁၇ နှစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးသုတေသနပြုစုဆောင်ရွက်ခြင်းကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျန်းမာရေးသုတေသနာပြုစစ်ဆေးဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူများအားလုံး မဲစာရင်းတွင်ပါဝင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင်ပါဝင်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး ချီးမြှင့် 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေး၍  ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်‌ဝေးမြို့နယ်အတွင်း လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေး‌ ဆောင်ရွက်နေမှုအခြေအနေများ၊ ရာသီအလိုက် ပန်းအလှပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုးထားရှိမှုနှင့် လမ်းပိုင်းများပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း မိုးစပါးစံကွက်ရိတ်သိမ်းခြင်း၊ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုများနှင့် မဲစာရင်းတိုက်ဆိုင်စစ်ဆေးမှုဆောင်ရွက်နေများအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးခင်မောင်လတ်သည် နိုဝင်ဘာလ ၉ ရက်နေ့က မြို့နယ်စိုက်ကြပ်အဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၈-က)ကွင်းအတွင်းရှိ တောင်သူ ဦးထွန်းငွေ၏ အောင်နိုင်တိုး မိုးစပါး ၅ ဧကအား  စံကွက်ရိတ်သိမ်းခြင်းကိုကွင်းဆင်းကြည့်ရှုခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အထွက်နှုန်းတိုးတက်ရရှိစေရေး မြေပြင်ခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းစနစ်မှန်ကန်စွာဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများကောင်းမွန်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးမင်းတို့ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူလူထုများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန် ကျောင်းတွင်း၊ ကျောင်းပြင် ရှင်းလင်းဆောင်ရွက်ထားရေး၊ နှစ်ရှည်ပင်များအား အလင်းဖွင့်ခြင်း၊  ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများစနစ်တကျဆောင်ရွက်ရေး၊  ရေဝပ်သည့်နေရာများအား ရေများဖောက်ထုတ်ခြင်း၊ သဲ၊ ကျောက်များခင်းခြင်းတို့ကို ဆောင်ရွက်ရန် မှာကြားကာ ကျောင်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် မတည်ငွေများ ပေးအပ်ပြီး ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်  ရောင်းချပေးနေမှုအား ကြည့်ရှုအား‌ပေးခဲ့‌သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အတွင်း မိုးစပါးအပြီး ဆောင်းသီးနှံရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၏ စီစဉ်ကြီးကြပ်မှုဖြင့်  နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်အတွင်း မိုးစပါးအပြီး ဆောင်းသီးနှံရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့်  ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယ‌မန်နေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ စိုက်ပျိုး စီးပွားအသိပညာပေးစင်တာ၌ကျင်းပရာ စိုက်ပျိုးရေးနှင့်သု‌တေသနဦးစီးဌာန(ရေဆင်း)မှ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ ဥတ္တရခရိုင် စိုက်ပျိုး‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်နိုင်ဝင်း၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့နယ်၌ မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၈ ရက် ၃ နာရီခွဲက အဆိုပါ ဗိမာန်နားနေဆောင်တွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ