နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် အလှူရှင်များလာရောက်လှူဒါန်းမှုများကို ကြည်ရှုအားပေး

ပျဉ်းမနား ဇန်နဝါရီ ၇

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းမှုများဆောင်ရွက်ကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။   

ဦးစွာ မီးဘေးသင့်ပြည်သူများအတွက် နေပြည်တော်ကောင်စီမှလှူဒါန်းသည့် ဆန်နှင့်လူသုံးကုန်ပစ္စည်းမျာကို နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုက မီးဘေးသင့်ပြည်သူများထံ ပေးအပ်လှူဒါန်းပြီး စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်က ယာယီမီးဘေးကယ်ဆယ်ရေးစခန်းအတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများ၊ အလှူရှင်များ၏ လာရောက်လှူဒါန်းမှုများအတွက် လက်ခံဆောင်ရွက်နေမှုအခြေအနေများ၊ ရေ၊ မီး၊ မိလ္လာကိစ္စများဆောင်ရွက်ပေးထားမှုများကိုကြည့်ရှုစစ်ဆေးပြီး မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)