ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ဇမ္ဗူသီရိ ဒီဇင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် တော်ဝင်ရတနာလမ်းရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်နှင့် ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ တက်ရာက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ အထက (၁၄) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပညာရေးစုံညီပွဲတော်အတွက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ စာပေထူးချွန်ဆု၊ ကဗျာထူးချွန်ဆု၊ စာစီစာကုံးထူးချွန်ဆု၊ အင်္ဂလိပ်စာထူးချွန်ဆု၊ သင်္ချာထူးချွန်ဆု၊ခရစ်ကတ်ပြိုင်ပွဲထူးချွန်ဆု၊ ပိုက် ကျော်ခြင်းထူးချွန်ဆု၊‌ ဘောလီ‌ဘောထူးချွန်ဆု၊‌ ဘောလုံးထူးချွန်ဆု၊ အ‌ပြေးထူးချွန်ဆု၊‌ ကျောင်းအဆင့်လူရည်ချွန်ဆု၊ ကျောင်းတက်မှန်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူ (၃၅၀)ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ အထက (၁၄) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ အကအလှတေးသံသာများဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)