တပ်ကုန်းမြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အ​​ခြခံပညာအထက်တန်း​ကျောင်း၊ ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာခင်မောင်ထွန်း၊ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းချမ်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးသီနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် အမှတ်(၂)အ​​ခြခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာလွတ်အက၊ Fitness Dance အကဖြင့် ကပြဖျော်ဖြေခဲ့သည်။

အဆိုပါအခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံ ပညာရည် တို့လှမ်းချီ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်တို့က ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက  ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ငါးဘာသာ၊ လေးဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသန့်ရှင်းသာယာလှပရေးဆု၊ ဉာဏဆု၊ အားကစားဆု၊ စုစုပေါင်း ၁၆၆ ဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

တင်စိုးလွင်