ဦးစီးဌာန(ရုံးချုပ်)

နတ်မောက်မြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ နံရံကပ် စာစောင်နှင့် ဓာတ်ပုံများပြသ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကျောင်းသား/သူများ၊ လမ်းသွားလမ်းလာပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက် လျက်ရှိပါသည်။

ဒိုက်ဦးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုစာအုပ်စာစောင်ပြပွဲ ကျင်းပ ပြုလုပ်

ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင် ပြပွဲကိုယနေ့နံနက် (၁၀) နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မတ္တရာမြို့နယ်၌ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်မှ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ အောင်မြေသုခပရိယတ္တိစာသင်တိုက်မှ ပဓာနနာယကဆရာ တော် ဒေါက်တာဘဒ္ဒန္တ ခေမိဿရ၏ ဂုဏ်ပြုဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

မိုင်းတုံမြို့၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း၊ စာ‌ပေဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Centre ခန်းမတွင်  ယနေ့နံနက် ၉ နာရီအချိန်ကစာဖတ်ဝိုင်း၊ စာပေဆွေးနွေးပွဲ နှင့်စာအုပ် စာစောင်ပြပွဲများ ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းသရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ခြောက်သွေ့သည့် ကာလရောက် လာသည်နှင့်အမျှ မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ကာ ဈေးသူဈေးသားများ မီးဘေးကြိုတင် ကာကွယ်နိုင်ကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ကြစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၉) နာရီ အချိန်က ဖြူးမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်တွင် Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

တာမွေမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မောင်တောခရိုင်ရုံးမှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များအား လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တော ခရိုင် ရုံး မှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်

ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ က ပြည့်ညင်ကျေးရွာအုပ်စု၊ ပြည့်ညင်ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးရုံးသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)