နမ့်ခမ်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြေက် လွက်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ပန်ပွဲကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၌ ယနေ့ နံနက် (၄)နာရီ မိနစ်(၂၀) အချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကိုတင်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးပြီးသော အာဇာနည်ခေါင်းဆောင်နှင့် ရဲဘော် အပေါင်းတို့အား အလေးပြုခဲ့သည်။