ကော့ကရိတ် ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် မသန်စွမ်းသူများ ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ TalkShowဆွေးနွေးပွဲကို ယနေ့မွန်းလွှဲ(၁)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲ၌ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး)ဒေါ်လှလှနွယ်က TalkShow ဆွေးနွေးပွဲ ပြုလုပ် ဆောင်ရွက်ပေးနေမှု ရည်ရွယ်ချက်နှင့် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ မသန်စွမ်းသူများသည် အများနည်းတူ အခွင့်အရေးများ တန်းတူရရှိမှုများ တူညီသော လူ့အခွင့်အရေးများကို အများနည်းတူ ပါဝင်လုပ်ဆောင်ရမည် ကိုယ်ပိုင်ရွေးချယ်ခွင့်နှင့် အမှီအခိုကင်းစွာ လုပ်ဆောင်နိုင်စေရန် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် မွေးရာပါဂုဏ်သိက္ခာကို အလေးထားကာ ဂရုပြုမှုရှိစေရန် ခွဲခြားဆက်ဆံခြင်းမရှိစေရန် လူ့အတိုင်းအဝန်းအတွင်း အပြည့်အဝပူးပေါင်းပါဝင်ခွင့် ရရှိစေရန်မသန်စွမ်းသူများ၏ ကွဲပြားချက်ကို လေးစားမှုရှိစေရန်နှင့် ၎င်းတို့၏ အသွင်မတူခြားနားချက်ကို စာနာထောက်ထားမှုရှိပြီး လက်ခံလာစေရန် အမျိုးသား အမျိုးသမီးများအကြား တန်းတူညီမျှမှုရှိစေရန် မသန်းစွမ်း ကလေးငယ်များ၏ အစွမ်းအစများနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အင်္ဂါရပ်များကို ထိန်းသိမ်းနိုင်စေရန် ပညာသင်ကြားခွင့်နှင့် သင်တန်းများတက်ရောက်မှုများအား အများနည်းတူ အခွင့်အရေးများ ရရှိစေရန် စသည့်အအကြောင်းအရာများနှင့် မသန်စွမ်းသူများ၏ ရပိုင်ခွင့်နှင့် ဥပဒေဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်