သီပေါမြို့နယ်တွင် အကျဉ်းသားများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

သီပေါ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်ရှိ အကျဉ်းသားများအား ယမန်နေ့ မွန်းလွှဲပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် သီပေါအကျဉ်းထောင်ရှိ အကျဉ်းသားများအနက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ အကျဉ်းသားစုစုပေါင်း(၂၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အကျဉ်းဦးစီးဌာနမှ ထောင်ပိုင်ကြီး၏ကြီးကြပ်မှုဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)